Friday, August 7, 2020

ရေအသက် တစ်မနက် ... 💧

ရေအသက် တစ်မနက် ... 💧 (Unicode)

နေ့စဉ်ရေသောက်သုံးခြင်းသည် လူသားတစ်ဦး၏ ခန္ဓာကိုယ် နှင့်ပတ်သက်သည့် လုပ်ဆောင်မှုများအတွက် လိုအပ်သည်။ USDA က နေ့စဉ် သောက်သုံးသည့်ရေအားလုံးတွင် သောက်သုံးလိုက်သည့် ရေသာမက အချိုရည်များနှင့် အစားအစာများမှ ရရှိသည့် ရေများလည်း ပါဝင်သည်ဟု ဆိုသည်။ သောက်သုံးရန် ထောက်ခံချက်ပေးထားသည့် ရေပမာဏသည် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးအတွက် တစ်နေ့လျှင် ၃.၇ လီတာ (ခန့်မှန်းခြေ ၁ ဂါလံ) ဖြစ်သည်။ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးအတွက် ၂.၇ လီတာ (ခန့်မှန်းခြေ ဝ.၇၅ ဂါလံ) ဖြစ်သည်။ အခြားသော ဖော်ပြချက်များတွင်မူ သန့်ရှင်းလတ်ဆတ်သည့် ရေပမာဏကို မြင့်မားစွာသောက်သုံးခြင်းသည် ကျန်းမာရေးကောင်းမွန်မှုအတွက် လိုအပ်သည်ဟု အခိုင်အမာ ပြောဆိုထားသည်။ အာဟာရပညာရှင်များကမူ တစ်နေ့လျှင် ၁.၈ လီတာ (ဝ.၅ ဂါလံ) သောက်သုံးသင့်သည်ဟု ထောက်ခံပြောကြားထားသည်။ သို့သော်လည်း ဤထောက်ခံပြောကြားမှုအတွက် သိပ္ပံနည်းကျ သက်သေအထောက်များ မရှိပေ။

ရေသောက်ခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူး ၇ ချက်

၁. ခန္ဓာကိုယ်လှုပ်ရှားမှု ကို အများဆုံး အထောက်အကူပြုပါတယ်

ရေဓာတ်လျော့နည်းနေမယ်ဆို ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် လှုပ်ရှားမှု က
နှေးကွေးသွားမှာ ပါ... လိုအပ်တဲ့ရေဓာတ်ပမာဏပြည့်ဝဖို့လိုအပ်ပါတယ်

၂. ခန္ဓာကိုယ် စွမ်းအင် နဲ့ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကို အထောက်အကူပြုပါတယ်

ရေဓာတ်က ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကို လွှမ်းမိုးထားပါတယ်တဲ့... ရေသောက်ခြင်းဖြင့်
ဦးနှောက်ကို အထောက်အကူပြုနိုင်ပါတယ်နော်...

၃. ခေါင်းကိုက်ခြင်း ကို တားဆီးပေးပါတယ်

ရေသောက်ခြင်းက ခေါင်းတစ်ခြမ်းကိုက်ခြင်း ၊ ခေါင်းကိုက်ခြင်းများကို
တာဆီးပေးတဲ့အပြင် .. ထိုသို့ခံစားနေရပါက ရေသောက်မယ်ဆို
သက်သာစေပါတယ်တဲ့...

၄. ဝမ်းချုပ်ခြင်းကို အထောက်အကူပြုပါတယ်

ရေသောက်ခြင်းကြောင့် ဝမ်းချုပ်ခြင်း ကို အထောက်အကူပြုတဲ့အပြင်
အစာအိမ်နဲ့အူလမ်းကြောင်းကို ပါ သန့်စင်စေပါတယ် ...
မနက်စောစော အိပ်ရာနိူးတာနဲ့ရေတစ်ခွက်ကို သောက်သုံးပေးမယ်ဆို
ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်နော်

၅. ကျောက်ကပ် ကျောက်တည်ခြင်းကို တားဆီးပေးပါတယ်

ရေများများသောက်လေ ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းကို
တားဆီးပေးနိုင်လေလေပါတဲ့...

၆. အမူးလွန်ခြင်းကို သက်သာစေပါတယ်

မူးလာပြီဆို ရေဓာတ်ဖြည့်သွင်းပါ... ရေသောက်ခြင်း ဖြင့်
အမူးလွန်ခြင်းကို သက်သာစေပါတယ်

၇. ကိုယ်အလေးချိန်လျော့ကျစေပါတယ်

ဝိတ်ကျစေခြင်လား ရေအများကြီးသောက်ပါ
ရေသောက်လို့အစားအစာ စားခြင်းကို လျော့စေတယ်
ရေသောက်ခြင်းကြောင့် အစာချေဖျက်ခြင်းကို တိုးမြင့်စေပါတယ်...

ရေအကျိုး ၁၀ ပါးကတော့ ရေလှူရင်ရတာပါနော်...
ရေသောက်ရင် ရရှိမယ့် အကျိုး ၇ချက်က တော့ အထက်ပါအတိုင်းဖြစ်ပါတယ်...
စာဖတ်သူတို့ရော တနေ့ရေပမာဏ ဘယ်လောက်သောက်ဖြစ်ပါသလဲ ?
ရေသောက်ဖို့ရော မေ့လျော့နေတက်ပါသလား ? ပြန်ပြောပြပါနော်...

ရေသောက်ခြင်းဖြင့် သက်ရှည် ကျန်းမာပါစေ နော်

အားလုံးပဲ ကျန်းမာရွှင်လန်းပါစေ
#WhateverIWrite @wiw.mm #Lifestyle #DrinkingWater

 

No comments:

Post a Comment