Whatever I Write
Whatever I Write : Travel . Food . Lifestyle
Monday, October 26, 2020
ထားဝယ်ဆိုလျင် ရှင်ကိုးရှင် (သို့) တနင်္သာရီတိုင်းရဲ့ မြို့တော်😊
အာရုံစူးစိုက်မှုအားကောင်းဖို့ ... စိတ်တည်ငြိမ်ဖို့... စိတ်ကိုဘယ်နည်းနဲ့ထိန်းချုပ်မလဲ.?
ကျွန်တော်တို့ရဲ့စိတ်တွေက စက္ကန့်လေးအတွင်းတောင် ပျံ့လွင့်မှုက အလွန်ပင်လျှင်မြန်လွန်းလှပါတယ် ... စိတ်တည်ငြိမ်ဖို့အာရုံစူးစိုက်မှုကောင်းဖို့အတွက်ဆို ဘယ်လိုနည်းလမ်းနဲ့ကျွန်တော်တို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်မလဲ ...
စိတ်ကို ထိန်းချုပ်ဖို့တည်ငြိမ်စေဖို့အကောာင်းဆုံးနည်းလမ်းကတော့ တရားထိုင်ခြင်းပဲဖြစ်ပါတယ် ...
တရားထိုင်ခြင်းကြောင့် စိတ်တည်ငြိမ်အေးချမ်းလာမယ် ဆုံးဖြတ်ရမယ့်ကိစ္စကြီးငယ်ကို မှန်ကန်စွာဆုံးဖြတ်လာနိုင်မယ် သတိမြဲလာမယ် စိတ်ဖိစီးမှုတွေလျော့ကျလာမယ်
စိုးရိမ်ကြောင့်ကြစိတ်တွေနည်းလာမယ် မကောင်းတဲ့အကုသိုလ်အတွေးတွေ လျော့နည်းလာမယ် (လောဘ၊ဒေါသ၊မောဟ စသည်)
သွေးလည်ပတ်မှုကောင်းလာမယ်
ခန္ဓာကိုယ်လှုပ်ရှားမှုက ပေါ့ပါးလာမယ်
စသည်ဖြင့် တရားထိုင်ခြင်းကြောင့် စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်နိုင်လာမယ်
တရားထိုင်ခြင်းကြောင့် ကုသိုလ်တွေတိုးလာပြီး အရာရာအဆင်ပြေလာမယ်
နောက်ဆုံး တရားရှုမှတ်ခြင်းကြောင့် ဉာဏ်စဉ်တွေတက်လာပြီး ... တစ်ဖြည်းဖြည်းနဲ့
တရားရပြီး နောင်ဘဝအထိပါ အကျိုးခံစားစေမှာပါ ဒါကတော့တရားသဘောမို့ တရားစခန်းတွေမှာ တရားထိုင်ဖူးတဲ့လူတွေ သိပါလိမ့်မယ် ...
တရားထိုင်တယ်ဆိုတာက တကယ်တော့ စိတ်ကို အမှတ်တခုနဲ့ထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်
တရားမှတ်တယ်လို့ဆိုပါတယ် ဝင်လေ ထွက်လေ ကို စိတ် က နေ ကြည့်ပြီး မှတ်မလား
ဒါမှမဟုတ် ဝမ်းဗိုက်ကနေ လေရှုသွင်းခြင်းကနေ လှုပ်ရှားမှုဖြစ်တဲ့ ဖောင်းခြင်း ပိန်ခြင်းကို မှတ်မလား ကိုယ် အဆင်ပြေသလို အမှတ်ကို မှတ်နိုင်ပါတယ် ... ခန္ဓာက ဝေဒနာ တစ်ခုခုပေါ်တိုင်းလည်း ထိုဝေဒနာကို အမြဲမှတ်နေရပါမယ် ...
ထိုင်တဲ့ပုံစံကတော့ တပလ္လင်ခွေထိုင်ပြီး ဘယ်ဖက်လက်ဖဝါးပေါ် ညာဖက်လက်ဖဝါးကိုတင်ပြီး လက်မနှစ်ခုကို ထိထားရပါမယ် ... နောက်တစ်နည်းက ဒူးပေါ်ကို လက်တင်ပြီးလည်း ထိုင်နိုင်ပါတယ်
"တရားရှာ ကိုယ်မှာတွေ့ တဲ့ "တကယ်တော့ တရားထိုင်ခြင်းဆိုတာ ဟာ စိတ် ကို ထိန်းချုပ်ဖို့အတွက်ပဲ မဟုတ်ပဲကောင်းကျိုးများစွာ ရနိုင်ပါတယ် ... စစခြင်း ၅မိနစ်လောက်စထိုင် တနေ့ကို ၅မိနစ်စီတိုးပြီး ၁ နာရီလောက်ထိုင်နိုင်လာမယ် တချို့ဆို နာရီနဲ့ချီပြီး တရားမှတ်နိုင်ပါတယ် ... ဒါကတော့ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ် ... ၅မိနစ်လောက် တရားထိုင်ပြီးရင်ကို စိတ်ကြည်လင်ခြင်းကို သိမြင်လာပါလိမ့်မယ် ... စိတ်တည်ငြိမ်ဖို့ အာရုံစူးစိုက်မှုကောင်းစေဖို့ စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ တရားထိုင်ခြင်းဖြစ်ပါတယ် ...
ထိုင်ကြည့်ပါ ရှုမှတ်ကြည့်ပါ ... တည်ငြိမ်အေးချမ်းမှုကို ရရှိလာပါလိမ့်မယ်
ဒေါသ မောဟ လောဘ တွေ အကုသိုလ်စိတ်တွေ ပါ လျော့နည်းလာပြီး နေ့စဉ်ဘ၀ မှာ ကောင်းခြင်းများကိုရရှိလာပါလိမ့်မယ် ... တရားထိုင်ခြင်းကို သတိပဌာန်တရား အားထုတ်ခြင်း လို့ မှတ်ယူနိုင်ပါတယ် ...
အားလုံးတရားထိုင်ခြင်းဖြင့်စိတ်ချမ်းမြေ့မှုကို ရရှိနိုင်ပါစေ
သတိတိုးပြီး အသိတိုးပြီး ကောင်းမွန်စွာ မိမိခန္ဓာကိုယ်ကို မွေးမြူနိုင်ပါစေ
အားလုံးကျန်းမာရွှင်လန်းပါစေ
#WhateverIWrite #Lifestyle #Meditation
'အညာဇီးယိုပါ😬 ကိုရီးယားထမင်းသုပ်လေး Review မယ်နော်'
Friday, August 7, 2020
ကယားပြည်နယ် မြို့တော် လွိုင်ကော်သို့ ...
လွိုင်ကော် ကို အလည်သွားကြမယ်ဗျာ ... ကယားပြည်နယ် ရဲ့ မြို့တော် လွိုင်ကော် ကို တိုက်ရိုက်သွားလို့ရသလို တောင်ကြီးကနေ တစ်ဆင့် ရှမ်းကယား နယ်စပ်ကို ဖြတ်ပြီး သွားလို့ရပါတယ် ... တောင်ကြီးကနေကားနဲ့ဆို ၂:၀၀လောက် ပဲကြာပါတယ် ... ကယားပြည်နယ်ကို ငွေတောင်ပြည်လို့လည်းတင်စားခေါ်ဝေါ်ပါသေးတယ် ... ပင်းတယ ပုန်းတလုတ် ကန် မှာ ရေဆင်းကူးတဲ့နတ်သမီး ခုနှစ်ဖော်က ငွေတောင်ပြည်ကလို့ဆိုကြပါတယ် ... ဒီတော့ ငွေတောင်ပြည်ဆိုတာ ကယားပြည်နယ်လို့လေ့လာမိသလောက် ပြောပြတာပါဗျ...ကယားသူလေးတွေ လည်းချောတယ်နော် ... မြို့တော် လွိုင်ကော်နဲ့ ကယားပြည်နယ် မှာ ဘာတွေ ရှိမလည်း ဘာနေရာတွေ လည်ကြမလည်းဆိုတော့ကာ...
ငွေတောင်ပြည်လို့တင်စားကယားပြည်နယ်မြို့တော်လွိုင်ကော်🏔
လွိုင်ကော်မြို့မှာ ဘယ်နေရာတွေလည်ကြမလည်း🤔
တောင်ကွဲစေတီ⛰⛰
အရင်ဆုံးကယားပြည်နယ်ရဲ့နာမည်ကျော် တောင်ကွဲစေတီ ... ကို သွားပါမယ် ... တောင်ကွဲစေတီဆိုတာ ကျောက်တောင်နှစ်ခု ကွဲနေတဲ့ပေါ်မှာ စေတီတည်ထားတာပါဗျ ... တောင်ကွဲစေတီပေါ်က နေ ရှုမဆုံးနိုင်အောင်လှတဲ့ လွိုင်ကော်မြို့ရဲ့အလှ ကို ရှုစားမှင်သက်နိုင်ပါတယ်ဗျ ... တောင်ကွဲစေတီမှာ အလေ့တစ်ခုရှိပါတယ် ... ချစ်သူရည်းစားတွေ တူတူတက်ရင် ကွဲတတ်တယ်လို့ဆိုစမှတ်ပြုကြပါတယ်😱 ဒါကတော့ ယုံကြည်မှုတစ်ခုလိုပါပဲဗျာ...☺️
ထီးပွင့်ကန်🏖
သူလည်းကယားပြည်နယ်ရဲ့နာမည်ကျော်ပါပဲ
ကန် ရေပြင်ကနေ ထီးပွင့်လေးလို ကြာရွက်ပုံစံလေးတွေ ပေါ်ပေါ်လာတတ်တာပါဗျ...ထီးပွင့်ကံကလည်းကယားပြည်နယ်ရဲ့ နာမည်ကျော် ... landmark တစ်ခုပါပဲဗျ ...
အကြီးဆုံးရေတံခွန်ထဲမှာပါတဲ့ ....ရှမ်းကယားနယ်စပ်က ထီးစဲခါးရေတံခွန်🌊⛰
မရောက်ရောက်အောင်သွားသင့်တဲ့နေရာတစ်ခုပါ မြန်မာနိုင်ငံရဲ့အကြီးဆုံးရေတံခွန်တွေ ထဲ က တစ်ခုအပါအဝင်ဖြစ်တဲ့ ထီးစဲခါးရေတံခွန်ပါ...အရမ်းသာယာလှပတဲ့နေရာတစ်ခုပါ....ကျွန်တော်ပြောပြတာထပ် ကိုယ်တိုင်သွားရောက်ပြီးသဘာဝရဲ့အလှတရားတစ်ခုကို ကိုယ်တိုင်ခံစားကြည့်စေချင်ပါတယ်ဗျာ....😉
ငွေတောင်ဆည်📍🌊
ငွေတောင်ဆည်ကိုလည်း ရောက်အောင်သွားပီး photo လေးဘာလေး အမှတ်တရရိုက်ကြမယ်...ဆည်ကန်ရေပြင်ကြီးနောက်ခံထားပီးတော့ selfie လေးဆွဲ😁...
ကယားပြည်နယ်ရဲ့ အခြားအထင်ကရနေရာများနဲ့သွားလည်လေ့လာသင့်တာတွေ ကတော့...
ကယားပြည်နယ်မှာ မြန်မာတိုင်းရင်းသားတွေထဲ က လူမျိုးတစ်မျိုးဖြစ်တဲ့ ပဒေါင်လူမျိုးတွေ နေထိုင်တဲ့ ပဒေါင်ရွာတွေကို သွားရောက်လေ့လာလို့ရပါတယ်...ပဒေါင်လူမျိုးဆိုတာ လည်ပင်းတွေ လက်တွေ
မှာကြေးကွင်းတွေ စွတ်ထားတဲ့လူမျိုးဖြစ်ပါတယ်...ပဒေါင်တွေ ရဲ့ နေထိုင်မှု ဓလေ့တွေ ကို လေ့လာဖို့
ကိုယ်နိုင်ငံလူမျိုးစုရဲ့ယဉ်ကျေးမှု ဓလေ့တွေ ကို လေ့လာနိုင်ဖို့ ကယားပြည်နယ်ရောက်ရင်တော့ ပဒေါင်ရွာတွေ ကို လည်ဖို့မမေ့နဲ့နော်....ကယားပြည်နယ်ရောက်ရင် ကယားခေါင်ရည်လေးသောက်ဖို့လည်းလိုမယ်နော်...ခေါင်ရည်လေးနဲ့ နာမည်ကျော်ကယားဝက်ဥချောင်းကြော်လေးရယ်က နတ်သုဒ္ဓါ လိုပါပဲဗျာ😋.....နောက်ကယားပြည်နယ်မှာ မြန်မာနိုင်ငံရဲ့အကြီးဆုံးရေအားလျှပ်စစ်ထုတ်တဲ့စက်ရုံတစ်ခုဖြစ်တဲ့ ဘီးလူးချောင်းရေအားလျှပ်စစ်စက်ရုံရှိတယ်နော်...ဒါကတော့ ဗဟုသုတအနေနဲ့ပြောပြတာပါဗျ😁.....ကယားပြည်နယ်အကြောင်းလေးကိုတော့ အတိုချုံးလေးပဲ ရေးသားတင်ဆက်ပါရစေဗျာ...ကျွန်တော်သွားလည်ဖြစ်တာ က တောင်ကြီးကနေ နေ့ချင်းပြန်သွားလည်တာဆိုတော့ ... ဒီလောက်နဲ့ပဲကျေနပ်ပေးကြပါ...ကိုယ်တိုင်သွားရောက်လည်ပတ်ဖို့ကိုတော့ တိုက်တွန်းပါရစေနော်...👌☺️
ငွေတောင်ပြည်လို့တင်စား ကယားပြည်နယ်မြို ့တော်လွိုင်ကော် အကြောင်းလေးဖတ်ပြီးကိုယ်တိုင်သွားရောက်လည်ပတ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျ...
အားလုံးကျန်းမာရွှင်လန်းပါစေဗျ
#WhateverIWrite #Travel #Loikaw
ရေအသက် တစ်မနက် ... 💧
ရေအသက် တစ်မနက် ... 💧 (Unicode)
နေ့စဉ်ရေသောက်သုံးခြင်းသည် လူသားတစ်ဦး၏ ခန္ဓာကိုယ် နှင့်ပတ်သက်သည့် လုပ်ဆောင်မှုများအတွက် လိုအပ်သည်။ USDA က နေ့စဉ် သောက်သုံးသည့်ရေအားလုံးတွင် သောက်သုံးလိုက်သည့် ရေသာမက အချိုရည်များနှင့် အစားအစာများမှ ရရှိသည့် ရေများလည်း ပါဝင်သည်ဟု ဆိုသည်။ သောက်သုံးရန် ထောက်ခံချက်ပေးထားသည့် ရေပမာဏသည် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးအတွက် တစ်နေ့လျှင် ၃.၇ လီတာ (ခန့်မှန်းခြေ ၁ ဂါလံ) ဖြစ်သည်။ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးအတွက် ၂.၇ လီတာ (ခန့်မှန်းခြေ ဝ.၇၅ ဂါလံ) ဖြစ်သည်။ အခြားသော ဖော်ပြချက်များတွင်မူ သန့်ရှင်းလတ်ဆတ်သည့် ရေပမာဏကို မြင့်မားစွာသောက်သုံးခြင်းသည် ကျန်းမာရေးကောင်းမွန်မှုအတွက် လိုအပ်သည်ဟု အခိုင်အမာ ပြောဆိုထားသည်။ အာဟာရပညာရှင်များကမူ တစ်နေ့လျှင် ၁.၈ လီတာ (ဝ.၅ ဂါလံ) သောက်သုံးသင့်သည်ဟု ထောက်ခံပြောကြားထားသည်။ သို့သော်လည်း ဤထောက်ခံပြောကြားမှုအတွက် သိပ္ပံနည်းကျ သက်သေအထောက်များ မရှိပေ။
ရေသောက်ခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူး ၇ ချက်
၁. ခန္ဓာကိုယ်လှုပ်ရှားမှု ကို အများဆုံး အထောက်အကူပြုပါတယ်
ရေဓာတ်လျော့နည်းနေမယ်ဆို ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် လှုပ်ရှားမှု က
နှေးကွေးသွားမှာ ပါ... လိုအပ်တဲ့ရေဓာတ်ပမာဏပြည့်ဝဖို့လိုအပ်ပါတယ်
၂. ခန္ဓာကိုယ် စွမ်းအင် နဲ့ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကို အထောက်အကူပြုပါတယ်
ရေဓာတ်က ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကို လွှမ်းမိုးထားပါတယ်တဲ့... ရေသောက်ခြင်းဖြင့်
ဦးနှောက်ကို အထောက်အကူပြုနိုင်ပါတယ်နော်...
၃. ခေါင်းကိုက်ခြင်း ကို တားဆီးပေးပါတယ်
ရေသောက်ခြင်းက ခေါင်းတစ်ခြမ်းကိုက်ခြင်း ၊ ခေါင်းကိုက်ခြင်းများကို
တာဆီးပေးတဲ့အပြင် .. ထိုသို့ခံစားနေရပါက ရေသောက်မယ်ဆို
သက်သာစေပါတယ်တဲ့...
၄. ဝမ်းချုပ်ခြင်းကို အထောက်အကူပြုပါတယ်
ရေသောက်ခြင်းကြောင့် ဝမ်းချုပ်ခြင်း ကို အထောက်အကူပြုတဲ့အပြင်
အစာအိမ်နဲ့အူလမ်းကြောင်းကို ပါ သန့်စင်စေပါတယ် ...
မနက်စောစော အိပ်ရာနိူးတာနဲ့ရေတစ်ခွက်ကို သောက်သုံးပေးမယ်ဆို
ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်နော်
၅. ကျောက်ကပ် ကျောက်တည်ခြင်းကို တားဆီးပေးပါတယ်
ရေများများသောက်လေ ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းကို
တားဆီးပေးနိုင်လေလေပါတဲ့...
၆. အမူးလွန်ခြင်းကို သက်သာစေပါတယ်
မူးလာပြီဆို ရေဓာတ်ဖြည့်သွင်းပါ... ရေသောက်ခြင်း ဖြင့်
အမူးလွန်ခြင်းကို သက်သာစေပါတယ်
၇. ကိုယ်အလေးချိန်လျော့ကျစေပါတယ်
ဝိတ်ကျစေခြင်လား ရေအများကြီးသောက်ပါ
ရေသောက်လို့အစားအစာ စားခြင်းကို လျော့စေတယ်
ရေသောက်ခြင်းကြောင့် အစာချေဖျက်ခြင်းကို တိုးမြင့်စေပါတယ်...
ရေအကျိုး ၁၀ ပါးကတော့ ရေလှူရင်ရတာပါနော်...
ရေသောက်ရင် ရရှိမယ့် အကျိုး ၇ချက်က တော့ အထက်ပါအတိုင်းဖြစ်ပါတယ်...
စာဖတ်သူတို့ရော တနေ့ရေပမာဏ ဘယ်လောက်သောက်ဖြစ်ပါသလဲ ?
ရေသောက်ဖို့ရော မေ့လျော့နေတက်ပါသလား ? ပြန်ပြောပြပါနော်...
ရေသောက်ခြင်းဖြင့် သက်ရှည် ကျန်းမာပါစေ နော်
အားလုံးပဲ ကျန်းမာရွှင်လန်းပါစေ
#WhateverIWrite @wiw.mm #Lifestyle #DrinkingWater
Wednesday, July 22, 2020
မာလာရှမ်းကော ကြိုက်တဲ့ သူများအတွက် ...
မာလာရှမ်းကော (Mala Xiang Guo)
Mala Xiang Guo ဆိုတာ Spicy Stir-Fry Hot Pot ပါတဲ့ဗျာ ... ဟော့ပေါ့ အစပ်မွှေကြော် အဲ့လိုပြန်ရမလား🙄
ဘယ်လိုပဲဖြစ်ဖြစ်ပါနော် အခုဆို မာလာရှမ်းကော က လူတိုင်း လိုလို ကြိုက်နှစ်သက်ကြတဲ့အစားစာ တစ်ခုဖြစ်နေပါပြီ ...
မာလာရှမ်းကောမှာ အရွက်တွေ အသားတွေ ဟာ အဓိက ပါဝင်ခြင်းဖြစ်ပြီး မာလာ အနှစ်မှာ အရသာ ကွာခြားသွားကြပါတယ် ... 🤤
ရန်ကုန်မြို့ရဲ့ မာလာရှမ်းကော ၁၀ ဆိုင်
- The Spicy House
- Chili Pot
- Organic Spicy
- Mala Wok
- Hello Xiang Guo
- Number One Spicy
- Spicy Pot
- Jo Jo Hot Pot
- Malar City
- Precious Sticky Hotpot & Mala Xian Guo တို့ရှိပါတယ်နော် ... 👌
ကျွန်တော် အမြဲစားဖြစ်တဲ့ဆိုင်က Chili Pot ပါ ... The Spicy House လည်းကောင်းတယ် 👍
စာဖတ်သူတို့ရော ဘယ်ဆိုင်က မာလာရှမ်းကော စားဖူးပြီး ဘယ်ဆိုင်ကို နှစ်သက်ပါသလဲ?
စားကောင်းတဲ့ဆိုင်လေး တွေ ရှိရင်လည်း မန့်သွားပေးပါအုန်း😁
#WhateverIWrite @wiw.mm #Food #MalaXiangGuo
18.7.2020 နေ့ဟာဆိုရင် Whatever I Write Facebook Page လေး တစ်လပြည့်ပါဗျ
၁၈.၇.၂၀၂၀ ရက်နေ့ ကျိုက်ထီးရိုး ဘုရားကို
ဖူးမျှော်နိုင်ရန် Page 1 လ ပြည့် အနေနဲ့
တင်ပေးလိုက်ပါတယ်ခင်ဗျာ
တစ်လ ပြည့်နေ့လေးမှာပဲ ကင်မွန်းစခန်း မှ ရင်ပြင်ပေါ်ထိ
အပင်ပန်းခံ ခြေလျင်တက်ရောက်ထားခြင်းဖြစ်ပါတယ် ...
ခြေလျင်တက် တဲ့အကြောင်း လေးလည်း Page မှာ
Review တင်ပေးသွားပါ့မယ် ခင်ဗျာ
wiw.mm page fan တစ်ယောက်ခြင်းစီတိုင်းကို
အထူးကျေးဇူးတင်ရှိပါတယ်ဗျ 😇
အားလုံးကျန်းမာရွှင်လန်းပါစေ🤫
#WhateverIWrite @wiw.mm #Page1monthfull #KyaikHtiYoePagoda






