Monday, October 26, 2020

ထားဝယ်ဆိုလျင် ရှင်ကိုးရှင် (သို့) တနင်္သာရီတိုင်းရဲ့ မြို့တော်😊

 


ထားဝယ်ဆိုလျင် ရှင်ကိုးရှင် (သို့) တနင်္သာရီတိုင်းရဲ့ မြို့တော်😊
.............................................................................
ခရီးတွေက လည်း သွား မရသေးတဲ့ ခုချိန်မှာ အရင်က သွားခဲ့ဖူးတဲ့ ... ထားဝယ်အကြောင်းလေး တင်ပေးလိုက်ပါတယ်ဗျ ... ထားဝယ် ကို ကျွန်တော်တို့တွေတူတူသွားလည်ကြမယ်ဗျာ ... သွားလည်ဆိုတော့ကာ ထားဝယ်ကို သွားလည်တယ်ဆိုတာထက် ဘုရားဖူးခရီးဆိုရင်ပိုမှန်မယ်ထင်တယ် ... ဘာကြောင့်ဆိုတော့ အားလုံးလည်းသိကြ ကြားဖူးကြမယ်ထင်ပါတယ် ထားဝယ်မြို့ရဲ့ အထင်ကရ ဘုရားတွေ ဖြစ်တဲ့ ထားဝယ်ရှင်ကိုးရှင် ကို ကျွန်တော်ခေါ်သွားပေးပါရစေ .... ခရီးစဉ် ရဲ့ အစ ...
ဌာနေ ရန်ကုန်ကနေဆို ထားဝယ်ကို ညထွက်ရင် မနက်ရောက်တယ်ပေါ့လေ မနက်အစောထွက်ရင်တော့ ညနေလောက်ရောက်တယ်... ပြန်မျှ ကြာချိန် ၁၂ နာရီ လောက်ကြာပါတယ်...ခရီးအကွာအဝေးက ရန်ကုန်ကနေဆို ၆၁၄.၃ကီလိုမီတာ(၃၈၂မိုင်)ကွာဝေးပါတယ်...ထားဝယ်ကို လေယာဉ်နဲ့လည်းသွားလို့ရတယ် နော် ကားအကြာကြီးမစီးချင်တဲ့သူတွေဆိုပြောတာပါ...ထားဝယ်သွားတဲ့ လမ်းအခြေအနေ... အာဆီယံ လမ်းမ ကြီးရဲ့ လမ်းပိုင်းဖြစ်လို့ လမ်းအနေအထားကတော့ ကားလေးနဲ့ ငြိမ့်ငြမ့်ညောင်းညောင်းသွားလို့ရတယ်ပေါ့လေ...ရန်ကုန်က နေ ထားဝယ်ကို ကြားထဲမှာ ဖြတ်သန်းရတဲ့ မြို့တွေက ပဲခူး၊ကျိုက်ထို၊မော်လမြိုင်၊မုဒုံ၊ရေး မြို့တွေကို ဖြတ်သန်းရပါတယ်...ရေး၊ထားဝယ်၊မြိတ်၊ကော့သောင်း..တနသာၤရီတိုင်းရဲ့ မြို့တွေပါ...အိုကေ မုဒုံကျော်ပီးရင်တော့ မွန်ပြည်နယ် က နေ တနသာၤရီတိုင်းထဲကို ရောက်ပါပီနော် တနသာၤရီတိုင်းမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုတော့ ဆိုင်းပုဒ်ကြီး နဲ့ အမှတ်တရ ဓာတ်ဖမ်းကြမယ်....😁
ထားဝယ်မြို့....🧐
ထားဝယ်မြို့ က တနသာၤရီတိုင်းရဲ့ မြို့တော်ဖြစ်ပါတယ်...အကျယ်အဝန်း ၂၆၃၆.၁၄စတုရန်းမိုင်ကျယ်ဝန်းပါတယ်...ထားဝယ်မြစ်ရဲ့တစ်ဖက်ကမ်းမှာတည်ရှိပါတယ်.....ထားဝယ်မြို့က မြန်မာနိုင်ငံရဲ့ သန့်ရှင်းဆုံးမြို့တမြို့အဖြစ်စာရင်းဝင်ထားပါတယ် ၂၀၂၀ ဘရူနိုင်းမှာကျင်းပါ့မယ် ASEAN Clean Tourist City standard Award 2020 မှာ စာရင်းဝင်မြို့၃မြို့ မှာ ကယားပြည်နယ် မြို့တော် လွိုင်ကော် ၊ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော် တောင်ကြီး နဲ့ တနသာၤရီတိုင်း မြို့တော် ထားဝယ်မြို့ တို့ ဖြစ်ပါတယ်။
ထားဝယ်ရှင်ကိုးရှင်🙏
ထားဝယ်မြို့ ရဲ့ အထင်ကရဘုရားများဖြစ်တဲ့ ထားဝယ်ရှင်ကိုးရှင်ကို သွားဖူးကြရအောင်...ထားဝယ် ရှင်ကိုးရှင် ဘုရားတွေ မှာ တော သုံးဆူ တောင် သုံးဆူ မြို့ သုံးဆူဆိုပြီး ရှိပါတယ်...ထားဝယ်မြို ့မရောက်ခင် ရေး-ထားဝယ်ကားလမ်း မှာရှိတဲ့ ကလိန်အောင်မြို့ က ရှင်ဆံတော် ဘုရားကို ကျွန်တော် သွားတုန်းစဖူးပါတယ်😇🙏
ရှင်ကိုးရှင်ဘုရားဘွဲ့တွေ က....😇
တောင် သုံးဆူ - ရှင်ဆံတော် ၊ ရှင်မော် ၊ ရှင်တောင့်ပုံ
တော သုံးဆူ - ရှင်ဓာတ်ဝဲ ၊ ရှင်ဇလွန် ၊ ရှင်တောက်ထိန်
မြို့ သုံးဆူ - ရှင်ပင်ခရု ၊ ရှင်ဥသြ ၊ ရှင်မုတ္ထီး တို့ ဖြစ်ပါတယ်ဗျ🙏
အဝေးဆုံး ဘုရားက ရှင်မော် ဖြစ်ပြီး ထားဝယ်က နေ ၄၈မိုင် ဝေးပါတယ်😐
တည်နေရာတွေ က
1. ရှင်ဆံတော်(ေရေး-ထားဝယ်ကားလမ်း ကလိန်အောင်မြို့)
2. ရှင်မော် (ကြက်လွှတ်ရွာ)
3. ရှင်တောင်ပုံ (ထားဝယ်-မြိတ်ကားလမ်း သရက်ချောင်းမြို့)
4. ရှင်ဓာတ်ဝဲ (မောင်မယ်ရှောင်ရွာ)
5. ရှင်ဇလွန် (မြို့ဟောင်းရွာ)
6. ရှင်တောက်ထိန် (ကမြောကင်းရွာ)
7. ရှင်ပင်ခရု (ကရင်ပြင်ရပ်ကွက်)
8. ရှင်ဥသြ (ပိန္နဲတောရပ်ကွက်
9. ရှင်မုတ္ထီး (ရှင်မုတ္ထီးရွာ) တို့ ဖြစ်ကြပါတယ်...ဘုရားသမိုင်းတွေ တော့ သွားဖူးရင် စာအုပ်ရှိပါတယ်...ဝယ်ဖတ်ပီးလေ့လာပေးပါ😁
ဘုရားတွေပတ်ဖူးတာကတော့ အသေးစိတ်မရေးတော့ဖူးကိုယ်တိုင်သွားရောက်ဖူးစေချင်လို့
ထားဝယ်မှာ လျောင်းတော်မူ ဘုရားကြီးလဲရှိသေးတယ် လောကသရဖူလျောင်းတော်မူဘုရားပါ😇
ရှင်ကိုးရှင်ဘုရားတွေဖူးရင်း အခြားဘယ်နေရာတွေ လည်မလည်းဆိုတော့ ကမ်းခြေတွေ ပါ... အရမ်းလှတဲ့ ကမ်းခြေတွေ ဟာ ထားဝယ်မြို့ မှာတည်ရှိပါတယ်.....ထိုကမ်းခြေတွေ ကတော့ မောင်းမကမ် ကမ်းခြေ ၊ မြင်းခွာအော် ၊ မျှော်ရစ်ကမ်းခြေ ၊ ဖိုးဖိုးကျောက် ကမ်းခြေတို့ဖြစ်ပါတယါ ကျွန်တော်သွားတုန်းကတော့ ဖိုးဖိုးကျောက်ကိုမရောက်ခဲ့ပါ ဘူး လမ်းပြင်နေတုန်းမို့ သွားဖို့ အဆင်မပြေခဲ့လို့ ပါ😢။ကမ်းခြေတွေ က ဘယ်လောက်လှလည်း ရောက်ရင် ရင်သက်ရှုမောပါပဲ ကိုယ်တိုင်သွားရောက်နိုင်ပါစေ😊
ထားဝယ်ပြန်လက်ဆောင် အတွက်ဆိုရင်...🙄
နာမည်ကြီး ငါးမုန့် ၊ မုန့်ကလားမဲ ငါးခြောက် စိမ်းစားငပိ တွေရှိပါတယ် ငါးမုန့်ကတော့ (အောင်ပင်လယ်က ငါးမုန့်ညွှန်းမယ် မုန့်ကလားမဲလဲ အဲ့ကနေဝယ်နိုင်ပါတယ်) နောက်ပီး ထားဝယ်မြို့ရောက်ရင် မလုပ်မဖြစ်လုပ်ရမယ့် အရာတစ်ခု က ဒေသ အစားအစာတွေ ဖြစ်ပါတယ်...ထားဝယ်လက်သုပ်...အာပုံ...သာခွေယိုင်...ငှက်ပျော်ပေါင်း...မောင်းမကမ်ကမ်းခြေရောက်ရင် မှာ ရှပ်ခရုခြောက်ကင်...အများကြီးပဲ ရောက်ရင်တာရှာစားပေတော့ အစားတလိုင်းလေးတွေရှိရင်....😁
ထားဝယ်ဒေသ ရဲ့ ဗဟုသုတ အဖြစ်က အခေါ်အဝေါ်တွေပါ... ကျွန်တော်တို့ ခေါ်တဲ့ သဘောၤသီး က ထားဝယ်မှာ ရှိန်းဂိုလ်သီး တဲ့ဗျာ...ဖရဲသီး ဆို စီခွားသီး၊ငရုတ်သီး ဆို ဂျုသီး အဲ့လိုလေးတွေ ရှိတယ် ထားဝယ်သူ ထားဝယ်သား ကျတော့ ကော်သား၊ဝယ်သား(ကျွန်တော် ကတော့ ဝယ်သူ ဝယ်သားလို့ခေါ်တယ်😁)... ထားဝယ်မြို့ ရဲ့ ဝယ်သူဝယ်သားတို့ အသံဝဲဝဲလေးတွေနဲ့ပြောရင် ဘာမှကို နားမလည်ပေမယ့် နားထောင်ကောင်းတယ်ဗျ...သူတို့အချင်းချင်းပြောရင် လိုက်နားထောင်ကြည့်😍 မြိတ်နဲ့ထားဝယ် နဲ့ တူသလိုလိုနဲ့ သိပ်မတူဘူးထင်တယ် ဟုတ်လားမသေးရဲ့(ဝယ်သံနဲ့)...ဝယ်သူဝယ်သားတွေဖတ်မိရင်ပြောပြကြပါအုန်း...ဟုတ်ဒီလောက်နဲ့ပဲကျေနပ်ပါလို့ ထုံးစမ်အတိုင်း ကိုယ်တိုင်သွားရောက်နိုင်ပီးဒီထက်မက ပိုသိနိုင်ပါစေ...ရှင်ကိုးရှင်ဘုရားကိုလည်းဖူးနိုင်ပါစေနော်....ထားဝယ် အကြောင်းလေးအသေးစိပ်ပဲ အဆုံးသတ်ပါရစေဗျ....ကျေးဇူးတင်တယ်....အားလုံး ခရီးတွေသွားပြီး ဘဝအမောတွေပြေပါစေ....😇
ထားဝယ်က အပြန်တော့ လမ်းမှာ ဘုရားတွေထပ်ဖူးချင်လည်းရတယ် မော်လမြိုင်မြို့ က ဘုရားတွေ ကျိုက်ထိုက ဘုရားတွေ ရှိတယ်နော် မုဒုံ ဝင်းစိန်တောရ...လမ်းမှာ ဝင်ဖူးကြပါ... ဖားအံဖက်ထပ်သွားချင်လည်းရတယ် အဆင်ပြေသလိုပေါ့...ထားဝယ်ကနေ ခြေဖျားထိ ထက်သွားမယ်ဆိုရင်တော့ မြိတ်(ဘိတ်) ကော့သောင်း ဖက်ထပ်သွားနိုင်ပါတယ်
မြိတ် ထိ ကို ၂၅၉.၆ ကီလိုမီတာ (၁၆၁မိုင်) ဝေးပြီးအချိန် ၆:၀၀ လောက်ကြာပါမယ်...ကော့သောင်းထိ ဆိုရင်တော့ ၆၆၅.၄ကီလိုမီတာ (၄၁၃မိုင်) ဝေးပြီး ထားဝယ်က နေ ညထွက်ရင် မနက်မှရောက်ပါတယ်တဲ့...၁၃ နာရီလောက်ကြာပါတယ်..မရောက်ဖူးသေးဘူး သွားချင်းတယ် မြိတ်ကျွန်းစုတွေဖက်ကို... ကော့သောင်း ဝိတိုရီယ အငူ ထိ တိုင်😔....မြိတ်ကျွန်းစုတွေ ရဲ့ ရေအောက်ကမ္ဘာအလှကို တနေ့တော့ သွားရောက်ခံစားချင်ပါတယ်...သွားရင်တော့ လေယာဉ်ပျံကြီးနဲ့သွားမယ်😁....ဟုတ်ကဲ့ပါ ကျွန်တော် မရေးဖြစ်တဲ့ ထားဝယ်အကြောင်းလေး တင်ပေးလိုက်ပါတယ် အားလုံးဖတ်ရှူပြီးကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်...ခရီးသွားအကြောင်းလေးတွေ သွားခဲ့ဖူးတဲ့နေရာလေးတွေ သိသလောက်လေး ရေးတင်ပေးမယ့်Like လေးနည်းနေသေးတယ် Share လုပ်ပေးကြပါအုန်းနော်😇

အာရုံစူးစိုက်မှုအားကောင်းဖို့ ... စိတ်တည်ငြိမ်ဖို့... စိတ်ကိုဘယ်နည်းနဲ့ထိန်းချုပ်မလဲ.?

 

အာရုံစူးစိုက်မှုအားကောင်းဖို့ ... စိတ်တည်ငြိမ်ဖို့ ... စိတ်ကိုဘယ်နည်းနဲ့ထိန်းချုပ်မလဲ.?

ကျွန်တော်တို့ရဲ့စိတ်တွေက စက္ကန့်လေးအတွင်းတောင် ပျံ့လွင့်မှုက အလွန်ပင်လျှင်မြန်လွန်းလှပါတယ် ... စိတ်တည်ငြိမ်ဖို့အာရုံစူးစိုက်မှုကောင်းဖို့အတွက်ဆို ဘယ်လိုနည်းလမ်းနဲ့ကျွန်တော်တို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်မလဲ ...
စိတ်ကို ထိန်းချုပ်ဖို့တည်ငြိမ်စေဖို့အကောာင်းဆုံးနည်းလမ်းကတော့ တရားထိုင်ခြင်းပဲဖြစ်ပါတယ် ...
တရားထိုင်ခြင်းကြောင့် စိတ်တည်ငြိမ်အေးချမ်းလာမယ် ဆုံးဖြတ်ရမယ့်ကိစ္စကြီးငယ်ကို မှန်ကန်စွာဆုံးဖြတ်လာနိုင်မယ် သတိမြဲလာမယ် စိတ်ဖိစီးမှုတွေလျော့ကျလာမယ်
စိုးရိမ်ကြောင့်ကြစိတ်တွေနည်းလာမယ် မကောင်းတဲ့အကုသိုလ်အတွေးတွေ လျော့နည်းလာမယ် (လောဘ၊ဒေါသ၊မောဟ စသည်)
သွေးလည်ပတ်မှုကောင်းလာမယ်
ခန္ဓာကိုယ်လှုပ်ရှားမှုက ပေါ့ပါးလာမယ်
စသည်ဖြင့် တရားထိုင်ခြင်းကြောင့် စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်နိုင်လာမယ်
တရားထိုင်ခြင်းကြောင့် ကုသိုလ်တွေတိုးလာပြီး အရာရာအဆင်ပြေလာမယ်
နောက်ဆုံး တရားရှုမှတ်ခြင်းကြောင့် ဉာဏ်စဉ်တွေတက်လာပြီး ... တစ်ဖြည်းဖြည်းနဲ့
တရားရပြီး နောင်ဘဝအထိပါ အကျိုးခံစားစေမှာပါ ဒါကတော့တရားသဘောမို့ တရားစခန်းတွေမှာ တရားထိုင်ဖူးတဲ့လူတွေ သိပါလိမ့်မယ် ...
 
တရားထိုင်တာ ဘယ်လို ထိုင်ရမလဲ

တရားထိုင်တယ်ဆိုတာက တကယ်တော့ စိတ်ကို အမှတ်တခုနဲ့ထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်
တရားမှတ်တယ်လို့ဆိုပါတယ် ဝင်လေ ထွက်လေ ကို စိတ် က နေ ကြည့်ပြီး မှတ်မလား
ဒါမှမဟုတ် ဝမ်းဗိုက်ကနေ လေရှုသွင်းခြင်းကနေ လှုပ်ရှားမှုဖြစ်တဲ့ ဖောင်းခြင်း ပိန်ခြင်းကို မှတ်မလား ကိုယ် အဆင်ပြေသလို အမှတ်ကို မှတ်နိုင်ပါတယ် ... ခန္ဓာက ဝေဒနာ တစ်ခုခုပေါ်တိုင်းလည်း ထိုဝေဒနာကို အမြဲမှတ်နေရပါမယ် ...
ထိုင်တဲ့ပုံစံကတော့ တပလ္လင်ခွေထိုင်ပြီး ဘယ်ဖက်လက်ဖဝါးပေါ် ညာဖက်လက်ဖဝါးကိုတင်ပြီး လက်မနှစ်ခုကို ထိထားရပါမယ် ... နောက်တစ်နည်းက ဒူးပေါ်ကို လက်တင်ပြီးလည်း ထိုင်နိုင်ပါတယ်
"တရားရှာ ကိုယ်မှာတွေ့ တဲ့ "တကယ်တော့ တရားထိုင်ခြင်းဆိုတာ ဟာ စိတ် ကို ထိန်းချုပ်ဖို့အတွက်ပဲ မဟုတ်ပဲကောင်းကျိုးများစွာ ရနိုင်ပါတယ် ... စစခြင်း ၅မိနစ်လောက်စထိုင် တနေ့ကို ၅မိနစ်စီတိုးပြီး ၁ နာရီလောက်ထိုင်နိုင်လာမယ် တချို့ဆို နာရီနဲ့ချီပြီး တရားမှတ်နိုင်ပါတယ် ... ဒါကတော့ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ် ... ၅မိနစ်လောက် တရားထိုင်ပြီးရင်ကို စိတ်ကြည်လင်ခြင်းကို သိမြင်လာပါလိမ့်မယ် ... စိတ်တည်ငြိမ်ဖို့ အာရုံစူးစိုက်မှုကောင်းစေဖို့ စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ တရားထိုင်ခြင်းဖြစ်ပါတယ် ...
ထိုင်ကြည့်ပါ ရှုမှတ်ကြည့်ပါ ... တည်ငြိမ်အေးချမ်းမှုကို ရရှိလာပါလိမ့်မယ်
ဒေါသ မောဟ လောဘ တွေ အကုသိုလ်စိတ်တွေ ပါ လျော့နည်းလာပြီး နေ့စဉ်ဘ၀ မှာ ကောင်းခြင်းများကိုရရှိလာပါလိမ့်မယ် ... တရားထိုင်ခြင်းကို သတိပဌာန်တရား အားထုတ်ခြင်း လို့ မှတ်ယူနိုင်ပါတယ် ...
အားလုံးတရားထိုင်ခြင်းဖြင့်စိတ်ချမ်းမြေ့မှုကို ရရှိနိုင်ပါစေ
သတိတိုးပြီး အသိတိုးပြီး ကောင်းမွန်စွာ မိမိခန္ဓာကိုယ်ကို မွေးမြူနိုင်ပါစေ
အားလုံးကျန်းမာရွှင်လန်းပါစေ
#WhateverIWrite #Lifestyle #Meditation

'အညာဇီးယိုပါ😬 ကိုရီးယားထမင်းသုပ်လေး Review မယ်နော်'

 


'အညာဇီးယိုပါ😬 ကိုရီးယားထမင်းသုပ်လေး Review မယ်နော်'
 
 
         ကိုရီးယားကားတွေ ကြည့်တယ်ဆို ရင် ကိုရီးယားထမင်းသုပ်🍲ကို သိမှာပါ။ကျွန်တော်ပြောချင်တာက အဲ့ ကိုရီးယားထမင်းသုပ် ကောင်းတဲ့ 👍ဆိုင်လေးပါ။ထမင်းသုပ်ကို မျိုးစုံရပါတယ်။တကယ်လည်း အရမ်းစားလို့ကောင်း😋တဲ့ ဆိုင်ပါ။ထမင်းသုပ်တပွဲ ဆို 😱မနည်းကုန်အောင်စားရပါတယ်။ထမင်းသုပ်ကို မှ ကြက်သား🍗၊ဝက်သား🥓၊ပုဇွန်🍤၊ပြည်ကြီးငါး🦑၊အမဲသား🐂၊ရိုးရိုးထမင်းသုပ်တွေ ရပါတယ်။ဆိုင်က မီနျူးလေး ပုံမရိုက်မိလို့ အမျိုးအမည် သေချာ မပြောနိုင်ဘူးဗျာ😓 ဆိုင်သာ သွားပြီး မီနျူးကြည့်ပြီး ကိုယ်ကြိုက်တာသာ မှာ စားတော့ဗျို ့။ဆိုင်မှာ ထမင်းသုပ်တင်မဟုတ်သေးဘူး တော့ပုကီ ရယ် Fish Cake ရယ် ရေညှိထမင်းလိပ်တွေ ရတယ်နော်။Fish Cake လေးလည်း စားကောင်းတယ် အိအိလေး နူးညံတယ်။တစ်ချောင်းကို ၁၀၀၀ ပါ။တော့ပုကီ ကတော့ တပွဲ ၂၀၀၀ပါ။ကဲ ထမင်းသုပ်🍲 အကြောင်းလေး ဆက်ပြောပြမယ်။ထမင်းသုပ်ကို ပုံမှာ မြင်ရတဲ့ အတိုင်းဗန်း နဲ့ လာတာပါ ကျောက်မြေအိုးအပူ နဲ့ ရောက်လာပါလိမ့်မယ် ရောက်ရောက်ချင်း မမွှေရင်တော့ ထမင်းတွေ ဂျိုးကပ်ကုန်ပါလိမ့်မယ်😊။ကျွန်တော်ဆို လာချချပေးချင်း မမွှေ လိုက်ပဲ ပုံရိုက်လိုက်တာ ထမင်းဂျိုးလေးတွေ ထွက်လာပါတယ်😓။အချဉ်ရေ ကတော့ ကို ကြိုက်သလောက်ထည့်ပြီး နယ်ရပါတယ် အဲ့ တစ်ချက်လေး ကိုယ်တိုင် အားရပါးရ နယ်ပီး စားရတဲ့ အရသာလေး က အရမ်းမိုက်တယ်ဗျာ😋👍။ကိုရီးယားကားတွေ ထဲ ကလို အားရပါရ ပဲ စားဖြစ်ခဲ့ပါတယ်။တကယ်စားရတဲ့ အရသာ အရမ်းကောင်းတယ်ဗျာ။တပွဲ ကို တကယ် ၂ယောက်👫 လောက်စားလို့ဝပါတယ်။
တယောက်တည်းဆို မနည်းစားယူရတယ်ဗျာ😏 ဒါကတော့ ချိန် လို့ရအောင်ပြောပြတာပါ။တပွဲ ကို ၈၀၀၀ ပျမ်းမျှပါ။ကင်ချီ က ကုန်ရင်တောင်းလို့ရပါတယ်။ရေညှိ ဟင်းချိုလည်း ကုန်ရင် ထပ်တောင်းလို့ရပါတယ်။ကဲ ကိုရီးယားထမင်းသုပ် ကောင်းကောင်စား ချင်တယ်ဆိုရင်တော့ မြန်မာပလာဇာ က K-BibimBap (SORABOL) ဆိုတဲ့ ဆိုင်မှာ စမ်းစားကြည့်ပါခင်ဗျာ။စားပီးလို့ထပ်စားချင်မိသွားရင် ကျွန်တော့် Review လေး ကို Share ပေးဖို့ မမေ့နဲ့နော်😁