မာလာရှမ်းကော ကြိုက်တဲ့ သူများအတွက် ... (Unicode)
မာလာရှမ်းကော (Mala Xiang Guo)
Mala Xiang Guo ဆိုတာ Spicy Stir-Fry Hot Pot ပါတဲ့ဗျာ ... ဟော့ပေါ့ အစပ်မွှေကြော် အဲ့လိုပြန်ရမလား🙄
ဘယ်လိုပဲဖြစ်ဖြစ်ပါနော် အခုဆို မာလာရှမ်းကော က လူတိုင်း လိုလို ကြိုက်နှစ်သက်ကြတဲ့အစားစာ တစ်ခုဖြစ်နေပါပြီ ...
မာလာရှမ်းကောမှာ အရွက်တွေ အသားတွေ ဟာ အဓိက ပါဝင်ခြင်းဖြစ်ပြီး မာလာ အနှစ်မှာ အရသာ ကွာခြားသွားကြပါတယ် ... 🤤
ရန်ကုန်မြို့ရဲ့ မာလာရှမ်းကော ၁၀ ဆိုင်
- The Spicy House
- Chili Pot
- Organic Spicy
- Mala Wok
- Hello Xiang Guo
- Number One Spicy
- Spicy Pot
- Jo Jo Hot Pot
- Malar City
- Precious Sticky Hotpot & Mala Xian Guo တို့ရှိပါတယ်နော် ... 👌
ကျွန်တော် အမြဲစားဖြစ်တဲ့ဆိုင်က Chili Pot ပါ ... The Spicy House လည်းကောင်းတယ် 👍
စာဖတ်သူတို့ရော ဘယ်ဆိုင်က မာလာရှမ်းကော စားဖူးပြီး ဘယ်ဆိုင်ကို နှစ်သက်ပါသလဲ?
စားကောင်းတဲ့ဆိုင်လေး တွေ ရှိရင်လည်း မန့်သွားပေးပါအုန်း😁
#WhateverIWrite @wiw.mm #Food #MalaXiangGuo
Wednesday, July 22, 2020
18.7.2020 နေ့ဟာဆိုရင် Whatever I Write Facebook Page လေး တစ်လပြည့်ပါဗျ
18.7.2020 နေ့ဟာဆိုရင် Whatever I Write Facebook Page လေး တစ်လပြည့်ပါဗျ (Unicode)
၁၈.၇.၂၀၂၀ ရက်နေ့ ကျိုက်ထီးရိုး ဘုရားကို
ဖူးမျှော်နိုင်ရန် Page 1 လ ပြည့် အနေနဲ့
တင်ပေးလိုက်ပါတယ်ခင်ဗျာ
တစ်လ ပြည့်နေ့လေးမှာပဲ ကင်မွန်းစခန်း မှ ရင်ပြင်ပေါ်ထိ
အပင်ပန်းခံ ခြေလျင်တက်ရောက်ထားခြင်းဖြစ်ပါတယ် ...
ခြေလျင်တက် တဲ့အကြောင်း လေးလည်း Page မှာ
Review တင်ပေးသွားပါ့မယ် ခင်ဗျာ
wiw.mm page fan တစ်ယောက်ခြင်းစီတိုင်းကို
အထူးကျေးဇူးတင်ရှိပါတယ်ဗျ 😇
အားလုံးကျန်းမာရွှင်လန်းပါစေ🤫
#WhateverIWrite @wiw.mm #Page1monthfull #KyaikHtiYoePagoda

Thursday, July 16, 2020
ကမ္ဘာ့ဒုတိယအကြီးဆုံးရပ်တော်မူ ဘုရားကြီး 🙏 ရှိတဲ့မြို့ (သို့) မြန်မာနိုင်ငံအထက်ပိုင်း မုံရွာမြို့ 👍
ကမ္ဘာ့ဒုတိယအကြီးဆုံးရပ်တော်မူ ဘုရားကြီး 🙏 ရှိတဲ့မြို့ (သို့)
မြန်မာနိုင်ငံအထက်ပိုင်း မုံရွာမြို့ 👍 (Unicode)
ယခုလို ခရီးတွေ သွားဖို့ သိပ်အဆင်မပြေသေးတဲ့ကာလမှာ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ က အထင်ကရဘုရားတွေဖူးကြမယ်ဗျာ ...
မုံရွာမြို့ က ဘုရားဖူး ခရီးအဖြစ်သွားသင့်တဲ့ မြို့ပါ ... ဘယ် ဘုရားတွေကို သွားဖူးရမလည်း ဆိုရင် ...
ကမ္ဘာ့ဒုတိယ အကြီးဆုံးရပ်တော်မူ ဘုရားကြီး (သို့) လေးကျွန်းစင်္ကြာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ဘုရား 🙏
အမြင့်ပေ ၁၃၀ မီတာရှိတဲ့ မြန်မာနိုင်ငံ ရဲ့ အကြီးဆုံးရပ်တော်မူ ရုပ်ပွားတော် ဖြစ်ပါတယ် ... ဘုရား အတွင်းထဲ မှာ အထပ်ပေါင်း ၃၁ထပ် (၃၁ ဘုံကို ရည်ညွှန်းပြီး ထည့်သွင်းတည်ထားတာဖြစ်ပါတယ် ... တစ်ထပ်ခြင်းဆီမှာ တစ်ဘုံ ခြင်းဆီ ကို ရှင်းပြထားတဲ့ ရုပ်ပြ ပန်းချီခန်းတွေ ထည့်သွင်း တည်ထားတာ ဖြစ်ပါတယ် ... အတွင်းလှေကားနဲ့တက်ရတာဖြစ်ပါတယ် ဓာတ်လှေကားရှိပေမယ့် လှေကားနဲ့တက်ခြင်းအားဖြင့် အမြင့်ဆုံးဘုံကိုရောက်ဖို့ ဘယ်လောက်ခက်ခဲသလည်းဆိုတဲ့ တရားရနိုင်ပါတယ် (တော်တော် တက်ယူရတယ်ဗျ😔) ... အမြင့်ဆုံးက တော့ နိဗ္ဗာန်ပါဗျာ (တရားကြောင်းတွေပါလာပြီ) ရပ်တော်မူဘုရားကြီးပြီးရင် ထပ်မံတည်ထားတဲ့ လျောင်းတော်မူ ဘုရား က တော့ ၉၀ မီတာရှိပါတယ်ဗျ ...
ဗောဓိတစ်ထောင်စေတီ 😇
လေးကျွန်းစင်္ကြာ ဘုရား အရှေ့ဘက်မှာ တည်ရှိပါတယ်
ဗောဓိတစ်ထောင် စေတီ နဲ့ ဘုရားအဆူပေါင်းတစ်ထောင် ၁၀၀၀ ကိန်းဝပ်စံပယ်တဲ့နေရာပါ ... ဗောဓိတစ်ထောင် စိမ်းလန်းရေနယ်မြေဆိုတာလည်း မြန်မာနိုင်ငံအလယ်ပိုင်း ရဲ့ မြို့တစ်မြို့ဖြစ်တဲ့ မုံရွာမြို့ရဲ့ စိမ်းလန်းစိုပြေရေးနယ်မြေတစ်ခုဖြစ်ပါတယ် ...
မိုးညှင်းသဗ္မုဒ္ဓေ ဘုရား 🙏
မုံရွာမြို့ရဲ့ တန်းခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ မိုးညှင်းသဗ္မုဒ္ဓေ ဘုရားကို လည်း သွားရောက်ဖူးမျှော်ကြည်ညှိုကြမယ်ဗျာ ... ဘုရားအတွင်းမှာ ဗုဒ္ဓရုပ်ပွားတော်မြတ်တွေ ထည့်သွင်း တည်ထားပြီး အနုစိတ်လွန်းလှတဲ့လက်ရာတွေနဲ့မိုးညှင်းဆရာတော်ကြီး မှ တည်ထားခဲ့ပါသတဲ့ ... ဘုရားရုပ်ပွားတော်ပေါင်း ၅၈၂၃၆၃ ဆူ ( 'မြရွှေငွေစိန်သီးဆောင်း ရုပ်ပွားပေါင်း' ဟု စာချိုး၏ )ကို နံရံ များတွင်ဖူးမျှော်နိုင်သည် ... 😊
ရွှေဂူနီ ဆုတောင်းပြည့်ဘုရား 🙏
မုံရွာမြို့ ကျောက္ကာဘက်မှာတည်ရှိပါတယ် ...
ဆုတောင်းပြည့်တန်းခိုးကြီးဘုရားတစ်ဆူဖြစ်ပါတယ် ... မုံရွာရောက်ရင်တော့ ရောက်အောင်သွားပြီး ဖူးမျှော်ကြပါဗျ ... ကျောက္ကာ ဖက်သွားတဲ့ လမ်းက လှပါတယ်လို့ ဘာကြောင့်ဆို တမာပင်တန်း လမ်းကြောင့်ပါ😍
နောက်ထပ်မုံရွာမြို့ ကနေ ဘယ်နေရာတွေသွားလို့ရသေးလည်း 🙄
မုံရွာမြို့ မှာ ဆို ချင်းတွင်း မြစ်ကမ်း ၊ ကန်သာယာ ကို သွားနိုင်ပါတယ် ။ အခြားနေရာတွေသိရင်လည်း မန့်ပေးပါအုန်း ။
နောက် အလောင်းတော်ကဿပဘုရား ၊ ရွှေစက်တော် ဘုရား(မကွေး) ၊ စစ်ကိုင်းတောင် ၊ ချင်းပြည်နယ် ဘက်တွေသွားရောက်လည်ပတ်ဘုရားဖူးနိုင်ပါသေးတယ်👌
မုံရွာလက်ဆောင် သနပ်ခါးဝယ်ဖို့လည်းမမေ့နဲ့နော် ၊
ရွှေဂူနီဘုရား မှာ ဘုရားဖူးပြီး လက်ဆောင်တွေဝယ်လို့ရပါတယ်ဗျ ။
ဟုတ်ကဲ့ပါ ဒါကတော့ မုံရွာကို ကျွန်တော်ရောက်ခဲ့တုန်းက သွားခဲ့တဲ့နေရာလေးတွေ ပြန်မျှဝေပေးတာပါ မုံရွာမြို့ကို စာဖတ်သူတို့လည်း သွားရောက်လည်ပတ်ပြီး ဘုရားဖူးနိုင်ပါစေဗျ 😇 ။
နောက်ထပ် ဘယ်နေရာတွေ ထပ်မံလည်ပတ်မလည်းဆိုတာစောင့်မျှော်အားပေးကြပါအုန်းဗျာ ။
အားလုံးကျန်းမာရွှင်လန်းပါစေဗျာ🤫
#WhateverIWrite @wiw.mm #Travel #Monywa

Friday, July 10, 2020
မျှော်လင့်ခြင်း တွေ အိပ်မက်တွေက တကယ်ဖြစ်လာနိုင်လား..? 😪
မျှော်လင့်ခြင်း တွေ အိပ်မက်တွေက တကယ်ဖြစ်လာနိုင်လား..?😪 (Unicode)
ကျွန်တော်တို့ တွေ အတွေးပေါင်းများစွာ နဲ့ ဘဝ မှာ နေထိုင်ရှင်သန်နေကြတာပါ ... စိတ်ကူးတွေ အိပ်မက်တွေ မျှော်လင့်ချက်တွေ က လူတိုင်း ကိုယ်စီမှာ ရှိကြတယ် ... ကျွန်တော့်မှာ လည်း အတွေးတွေ မျှော်လင့်ချက်တွေ အိပ်မက်တွေ ရှိပါတယ် ...
ငယ်ငယ်က ကျောင်းတက် ဆယ်တန်းပြီးရင် ... ဘဝက အေးဆေးဖြစ်ပြီလို့ ထင်ခဲ့ဖူးတယ် မျှော်လင့်ခဲ့ဖူးတယ်။ ဆရာမတွေ က ဆယ်တန်းပဲ ကြိုးစားရမှာ ဆိုပြီး မျှော်လင့်ချက်တွေ ပေးတယ် ဒါပေမယ့် ဆယ်တန်းပြီးတော့ရော ကျွန်တော်တို့တွေ ဟာ တက္ကသိုလ် တွေ ဆက်တက် ရတယ် ... သင်ယူလေ့လာရတယ် သင်တန်းတွေ တက် ကိုယ့် အသက်မွေးမြူဖို့ အတွက် ပညာတွေ သင်ယူ မဆုံး ... ဆယ်တန်းဖြေပြီး အေးဆေးပဲ ဆိုတဲ့ မျှော်လင့်ချက်က ဆယ်တန်းပြီးတော့ မှန်းချက်ထက် နှမ်းထွက်က မကိုက် ... အေးဆေးမဖြစ်တဲ့အပြင် ပို ပြီး သင်ယူ စရာတွေ လေ့လာစရာတွေ ... အလုပ်ရဖို့ တွေ စသဖြင့်ဆယ်တန်းပြီးရင်ဆိုပြီး ကြိုးစားတက်လာတဲ့ တောင်ထိပ်ရောက်ပြီးမှ နောက်ထပ် တောင်တွေအများကြီးကို တွေ့လိုက်ရသလိုပဲ ... ကျွန်တော်တို့ မျှော်လင့်သလို ဖြစ်လာသလား.?
အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွင် ရောက်ပြန်တော့ လည်း လူတွေ မှာ အမျိုးမျိုး အဖုံဖုံ စိတ်ဓာတ်ကျစရာတွေ၊ စိတ်ညစ်စရာတွေ တချို့ ဆို အလုပ်စလုပ်တဲ့ အချိန် ငို ခဲ့ဖူးတာတွေ ရှိမှာပါ ... ကျွန်တော်တို့ စိတ်ကူးတွေ က အလုပ်ရှိရင် ဘယ်လိုဖြစ်မယ် ဆိုပြီး အလုပ်လုပ်ဖို့ ကို တွေးပြီး အလုပ်ရပြန်တော့ရော စိတ်ကူး သလို ဖြစ်လာသလား.? အခက်အခဲတွေ အတိုက်အခိုက်တွေ ကြားမှာ ရှင်သန်နိုင်မှ အမြင့်တစ်နေရာကို ရနိုင်မှာပါ ... အောက်ခြေက တက်လာတဲ့ သူတွေ ဆို ကြုံတွေ့ရစမြဲ အရာတွေ ... ကျွန်တော်တို့ စိတ်ကူးတွေ တကယ်ဖြစ်လာနိုင်သလား.?
ဥပမာ တစ်ခု - အေးအေးဆေးဆေး ကိုယ်ပိုင်ကော်ဖီဆိုင်လေး ဖွင့်မယ် သီချင်းအေးအေးလေးနဲ့ ကော်ဖီ နံ့လေးတွေ က သင်း လို့ ထိုအတွေးမျိုး တော်တော်များများတွေးဖူးမှာပါ ကျွန်တော်တို့ အိပ်မက်တခုလို ကော်ဖီဆိုင်လေး ဖွင့်ဖြစ်တယ်ထား တကယ်ရော အေးအေးဆေးဆေးနေနိုင်မလား.? ကော်ဖီ တစ်ခွက် အခုခေတ် အများဆုံး ၃၅၀၀ ပျှမ်းမျှ ဘယ်နှခွက်ရောင်းနိုင်မှ ဆိုင်ဖိုးက ကျေမလည်း.?ကော်ဖီဆိုင် ဖွင့်ထားတဲ့ သူတွေ ကရော အေးအေးဆေးဆေး နေနိုင်လား.? ကျွန်တော်တို့ အိပ်မက်ထဲကလို အေးအေးဆေးဆေးကော်ဖီဆိုင်ပိုင်ရှင်လေး ဖြစ်မလာနိုင်ပါဘူး ...
တက်ကြမ်းတွေ ဖတ် အောင်မြင်ဖို့ တွေ ပဲ အမြဲတွေး နေတာနဲ့ အောင်မြင်တဲ့ လူဖြစ်မလာနိုင်ပါဘူး
တကယ် လက်တွေ့ ကိုယ်တိုင် သိမှ တက်မှ အောင်မြင်တဲ့လူ ဖြစ်လာမှာပါ တက်ကျမ်းတွေ စိတ်ခွန်အား မြင့်တင်စာတွေ ဖတ်ရုံပဲ ဖတ်ပါ ... အောင်မြင်တဲ့ လူတွေ ကို အားကျပါ သူတို့လို မဖြစ်လို့ အားမငယ်ပါနဲ့ လူတိုင်း ကိုယ့်ဘဝနဲ့ကိုယ်ပါ ကိုယ့်ထက် နိမ့်တဲ့ ဘဝ အခြေအနေမှာလည်း အများအပြားရှိကျပါတယ် ... ကျွန်တော်ပြောချင်တဲ့ အဓိက အချက်က ကိုယ့်ကိုကို ကျေနပ်ဖို့ပါပဲ...☺️
စိတ်ကူးတွေ မျှော်လင့်ချက်တွေ အိပ်မက်တွေ က တကယ် ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတက်ပါဘူး ... ဒါပေမယ့် ကျွန်တော် တို့တွေ ဟာ မျှော်လင့်ချက်တွေ ... စိတ်ကူးတွေ ... အိပ်မက်တွေ နဲ့ ရှင်သန်နေကြရအုန်းမှာပါ ... ကျွန်တော်လည်း ဘီလီလျံနာ တစ်ယောက်ဖြစ်ချင်တာပဲ ... ကျွန်တော်လည်း အောင်မြင်ချင်တာပဲ လူတိုင်းလည်း ထိုနည်းလည်းကောင်း ဖြစ်ချင်ကြတာပဲ ... ကံ အရမ်းကောင်းလို့ ထီပေါက်ခဲ့ရင်ရော ... ကျွန်တော်တို့ စိတ်ကူးသလို အစစအရာရာ အေးချမ်းသွားနိုင်မလား.?ကျွန်တော်တော့ မထင်ပါ ထီပေါက်ခဲ့ရင်တောင် ကျွန်တော်တို့ တွေ က ကျွန်တော်တို့ စိတ်ကူးတွေ ကို အကုန် အကောင်ထည် မဖော်နိုင်ပါဘူး ... ကျွန်တော် တို့ စိတ်ကူးတွေ မျှော်လင့်ချက်တွေ အိပ်မက်တွေ က အမြဲ ရှိနေမှာပါ Dream Do Come True ... အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ရင်ရော ...? ကျွန်တော်တို့ရောင့်ရဲတင်းတိမ်နိုင်မလား.?
တဖြေးဖြေးကြိုးစားပြီးတက်ပါ အောက်ခြေက ကြည့်တာထက် တောင်လယ်က ကြည့်ရင် ပိုမြင်နိုင်ပါတယ် တောင်လယ်က ကြည့်တာ ထက် တောင်ထိပ် အမြင့်ပေါ် က ကြည့်ရင် အားလုံးကို ပိုမြင်မှာပါ...!ကျွန်တော်လည်း ကြိုးစားတက်နေဆဲပါပဲ😇
တနေ့တော့ အမြင့် ကနေ လှပတဲ့ ရှုခင်းကို မြင်တွေ့ နိုင်မှာပါ☺️
#WhateverIWrite @wiw.mm #Lifestyle #HTD

ကိုရီးယား ကားလောက် လူစိတ်ဝင်စားခံရပါ့မလား.?
ကိုရီးယား ကားလောက် လူစိတ်ဝင်စားခံရပါ့မလား.? (Unicode)
ကိုရီးယား ကားတွေ ပဲ မကြည့်ကြပါနဲ့ ကိုရီးယားကြက်ကြော်လေးလည်းစား ကြပါနော်😁
ကိုရီးယားကြက်ကြော် Korean Fried Chicken (KFC) တဲ့ သူ့ကို chikin လို့ ကိုရီးယားမှာခေါ်ကြပါတယ်။ ကင်ချီ မဟုတ်ဘူးနော် သူက ချီကင် (Chikin)

ကိုရီးယား ကြက်ကြော်မှာ အဓိက သုံးမျိုးရှိပါတယ်တဲ့ဗျာ အဲ့ဒါတွေကတော့ ...
Ganjang-Chikin သူက ပဲငံပြာရည်နဲ့ ကြော်ထားတာ လို့ပြောရမယ် (coated with Soy sauce)
Huraideu-Chikin သူက တော့ အော်ရဂျင်နယ် ကြက်ကြော်
Yangnyeom-Chikin သူက တော့ အစပ်လေးပါတယ် (coated with spicy sauce) တို့ပဲဖြစ်ပါတယ်။
ကိုရီးယားမှာဆိုရင်တော့ ကြက်ကြော်ကို သောက်စရာနဲ့ တခါတည်း တွဲရောင်းပါတယ် Anju လို့ခေါ်တယ်တဲ့ဗျ။
ကိုရီးယားကြက်ကြော်လျှို့ဝှက်ချက်🙄
ကိုရီးယားကြက်ကြော် က အမေရိကန် ကြက်ကြော်နဲ့ မတူတဲ့ လျှိုဝှက်ချက်က ၂ ခါ ကြော်ခြင်းဖြစ်ပါတယ်တဲ့ဗျာ။ ထိုကဲ့သို့ ကြော်ခြင်းကြောင့် အရေခွံ ဟာ ကျွတ် ပြီး တော့ ဆီ နည်းစေ ပါတယ်တဲ့။ စားလို့ ပိုကောင်းစေတယ်ပေါ့ဗျာ။
ကြက်ကြော် ကို မကြော်ခင် spices, sugar and salt
တို့ဖြင့် သေချာနယ်ပြီး နှပ်ထားရပါမယ်။ ကြော်နည်း သေချာ သိချင်ရင် google ကြည့်နော် ။
ကြက်ကြော်ဘယ်ကစ😁
ကိုရီးယားကြက်ကြော် သမိုင်းအစ က အမေရိကန်တွေ ဆီကလို့ပဲပြောရမယ် ကိုရီးယားစစ်ပွဲကာလ အတွင်းက စတယ်လို့ဆိုပါတယ် ... ၁၉၄၀ခုနှစ် နှောင်းပိုင်း နဲ့ ၁၉၅၀ ခုနှစ် အစ မှာစတင်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။
ကိုရီးယားကြက်ကြော် Yangnyeom-chikin က ၁၉၈၂ ခုနှစ်မှာ Daejeon (ဒယ်ဂျောင်း) မြို့ က Pelicana Chicken ပိုင်ရှင် Yang Hee-Kwon က စထွင်ခဲ့တာလို့သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ယနေ့ ခေတ်မှာ ကျွန်တော်တို့ ရန်ကုန်မှာ လည်း ကိုရီးယားကြက်ကြော်ဆိုင်လေးတွေ ရှိလာပါပြီ။
ဖွင့်တာ ကြာပြီဖြစ်တဲ့ Lotteria နဲ့ ယခုနောက်ပိုင်းမှ ဖွင့်လာတဲ့ Bonchon Chicken စသည်တို့ ဖြစ်ပါတယ်။ တခြားဆိုင်တွေ သိကြသေးလား.?သိတဲ့ဆိုင်လေးတွေ မန့်ပေးသွားပါနော်🙄
Bonchon ဆို anju လို့ပြောလို့ရတယ် ကြက်ကြော် နဲ့တွဲပြီး ဘီယာ ပါ ရတယ်။ နောက် ကိုရီးယား ဆိုဂျူး ရတယ် ဆိုဂျူး နဲ့ရောထားတဲ့ ဒိန်ချဉ် ရတယ်ဆိုတော့ အရမ်းမိုက်။ ကျွန်တော်က Bonchon က ကြက်ကြော် လည်းကြိုက် Lotteria လည်းကြိုက် ကြုံရင်ကြုံသလိုစားဖြစ်ပါတယ်။ ဒီစာလည်း Bonchon သွား စားပြီး ရေးလိုက်တာပါ စာဖတ်ပြီး စားချင်လာရင်တော့ အဆင်ပြေတဲ့ ဆိုင်သာ ပြေးစားကြပါဗျ။ ကိုရီးယားကားပဲ မကြည့်ပါနဲ့ ကိုရီးယားကြက်ကြော်လေးပါ ပြေးစားလိုက်ကြပါအုန်းဗျာ😁
#Whatever I Write #Food #KoreanFriedChicken

Subscribe to:
Posts (Atom)