မျှော်လင့်ခြင်း တွေ အိပ်မက်တွေက တကယ်ဖြစ်လာနိုင်လား..?😪 (Unicode)
ကျွန်တော်တို့ တွေ အတွေးပေါင်းများစွာ နဲ့ ဘဝ မှာ နေထိုင်ရှင်သန်နေကြတာပါ
... စိတ်ကူးတွေ အိပ်မက်တွေ မျှော်လင့်ချက်တွေ က လူတိုင်း ကိုယ်စီမှာ
ရှိကြတယ် ... ကျွန်တော့်မှာ လည်း အတွေးတွေ မျှော်လင့်ချက်တွေ အိပ်မက်တွေ
ရှိပါတယ် ...
ငယ်ငယ်က ကျောင်းတက် ဆယ်တန်းပြီးရင် ... ဘဝက
အေးဆေးဖြစ်ပြီလို့ ထင်ခဲ့ဖူးတယ် မျှော်လင့်ခဲ့ဖူးတယ်။ ဆရာမတွေ က ဆယ်တန်းပဲ
ကြိုးစားရမှာ ဆိုပြီး မျှော်လင့်ချက်တွေ ပေးတယ် ဒါပေမယ့်
ဆယ်တန်းပြီးတော့ရော ကျွန်တော်တို့တွေ ဟာ တက္ကသိုလ် တွေ ဆက်တက် ရတယ် ...
သင်ယူလေ့လာရတယ် သင်တန်းတွေ တက် ကိုယ့် အသက်မွေးမြူဖို့ အတွက် ပညာတွေ သင်ယူ
မဆုံး ... ဆယ်တန်းဖြေပြီး အေးဆေးပဲ ဆိုတဲ့ မျှော်လင့်ချက်က ဆယ်တန်းပြီးတော့
မှန်းချက်ထက် နှမ်းထွက်က မကိုက် ... အေးဆေးမဖြစ်တဲ့အပြင် ပို ပြီး သင်ယူ
စရာတွေ လေ့လာစရာတွေ ... အလုပ်ရဖို့ တွေ စသဖြင့်ဆယ်တန်းပြီးရင်ဆိုပြီး
ကြိုးစားတက်လာတဲ့ တောင်ထိပ်ရောက်ပြီးမှ နောက်ထပ် တောင်တွေအများကြီးကို
တွေ့လိုက်ရသလိုပဲ ... ကျွန်တော်တို့ မျှော်လင့်သလို ဖြစ်လာသလား.?
အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွင် ရောက်ပြန်တော့ လည်း လူတွေ မှာ
အမျိုးမျိုး အဖုံဖုံ စိတ်ဓာတ်ကျစရာတွေ၊ စိတ်ညစ်စရာတွေ တချို့ ဆို
အလုပ်စလုပ်တဲ့ အချိန် ငို ခဲ့ဖူးတာတွေ ရှိမှာပါ ... ကျွန်တော်တို့
စိတ်ကူးတွေ က အလုပ်ရှိရင် ဘယ်လိုဖြစ်မယ် ဆိုပြီး အလုပ်လုပ်ဖို့ ကို
တွေးပြီး အလုပ်ရပြန်တော့ရော စိတ်ကူး သလို ဖြစ်လာသလား.? အခက်အခဲတွေ
အတိုက်အခိုက်တွေ ကြားမှာ ရှင်သန်နိုင်မှ အမြင့်တစ်နေရာကို ရနိုင်မှာပါ ...
အောက်ခြေက တက်လာတဲ့ သူတွေ ဆို ကြုံတွေ့ရစမြဲ အရာတွေ ... ကျွန်တော်တို့
စိတ်ကူးတွေ တကယ်ဖြစ်လာနိုင်သလား.?
ဥပမာ တစ်ခု - အေးအေးဆေးဆေး
ကိုယ်ပိုင်ကော်ဖီဆိုင်လေး ဖွင့်မယ် သီချင်းအေးအေးလေးနဲ့ ကော်ဖီ နံ့လေးတွေ က
သင်း လို့ ထိုအတွေးမျိုး တော်တော်များများတွေးဖူးမှာပါ ကျွန်တော်တို့
အိပ်မက်တခုလို ကော်ဖီဆိုင်လေး ဖွင့်ဖြစ်တယ်ထား တကယ်ရော
အေးအေးဆေးဆေးနေနိုင်မလား.? ကော်ဖီ တစ်ခွက် အခုခေတ် အများဆုံး ၃၅၀၀
ပျှမ်းမျှ ဘယ်နှခွက်ရောင်းနိုင်မှ ဆိုင်ဖိုးက ကျေမလည်း.?ကော်ဖီဆိုင်
ဖွင့်ထားတဲ့ သူတွေ ကရော အေးအေးဆေးဆေး နေနိုင်လား.? ကျွန်တော်တို့ အိပ်မက်ထဲကလို အေးအေးဆေးဆေးကော်ဖီဆိုင်ပိုင်ရှင်လေး ဖြစ်မလာနိုင်ပါဘူး ...
တက်ကြမ်းတွေ ဖတ် အောင်မြင်ဖို့ တွေ ပဲ အမြဲတွေး နေတာနဲ့ အောင်မြင်တဲ့ လူဖြစ်မလာနိုင်ပါဘူး
တကယ် လက်တွေ့ ကိုယ်တိုင် သိမှ တက်မှ အောင်မြင်တဲ့လူ ဖြစ်လာမှာပါ
တက်ကျမ်းတွေ စိတ်ခွန်အား မြင့်တင်စာတွေ ဖတ်ရုံပဲ ဖတ်ပါ ... အောင်မြင်တဲ့
လူတွေ ကို အားကျပါ သူတို့လို မဖြစ်လို့ အားမငယ်ပါနဲ့ လူတိုင်း
ကိုယ့်ဘဝနဲ့ကိုယ်ပါ ကိုယ့်ထက် နိမ့်တဲ့ ဘဝ အခြေအနေမှာလည်း
အများအပြားရှိကျပါတယ် ... ကျွန်တော်ပြောချင်တဲ့ အဓိက အချက်က ကိုယ့်ကိုကို
ကျေနပ်ဖို့ပါပဲ...☺️
စိတ်ကူးတွေ မျှော်လင့်ချက်တွေ အိပ်မက်တွေ က တကယ် ကိုယ်ဖြစ်ချင်သလို
ဖြစ်မလာတက်ပါဘူး ... ဒါပေမယ့် ကျွန်တော် တို့တွေ ဟာ မျှော်လင့်ချက်တွေ ...
စိတ်ကူးတွေ ... အိပ်မက်တွေ နဲ့ ရှင်သန်နေကြရအုန်းမှာပါ ... ကျွန်တော်လည်း
ဘီလီလျံနာ တစ်ယောက်ဖြစ်ချင်တာပဲ ... ကျွန်တော်လည်း အောင်မြင်ချင်တာပဲ
လူတိုင်းလည်း ထိုနည်းလည်းကောင်း ဖြစ်ချင်ကြတာပဲ ... ကံ အရမ်းကောင်းလို့
ထီပေါက်ခဲ့ရင်ရော ... ကျွန်တော်တို့ စိတ်ကူးသလို အစစအရာရာ
အေးချမ်းသွားနိုင်မလား.?ကျွန်တော်တော့ မထင်ပါ ထီပေါက်ခဲ့ရင်တောင်
ကျွန်တော်တို့ တွေ က ကျွန်တော်တို့ စိတ်ကူးတွေ ကို အကုန် အကောင်ထည်
မဖော်နိုင်ပါဘူး ... ကျွန်တော် တို့ စိတ်ကူးတွေ မျှော်လင့်ချက်တွေ
အိပ်မက်တွေ က အမြဲ ရှိနေမှာပါ Dream Do Come True ... အိပ်မက်တွေ
တကယ်ဖြစ်လာခဲ့ရင်ရော ...? ကျွန်တော်တို့ရောင့်ရဲတင်းတိမ်နိုင်မလား.?
တဖြေးဖြေးကြိုးစားပြီးတက်ပါ အောက်ခြေက ကြည့်တာထက် တောင်လယ်က ကြည့်ရင်
ပိုမြင်နိုင်ပါတယ် တောင်လယ်က ကြည့်တာ ထက် တောင်ထိပ် အမြင့်ပေါ် က ကြည့်ရင်
အားလုံးကို ပိုမြင်မှာပါ...!ကျွန်တော်လည်း ကြိုးစားတက်နေဆဲပါပဲ😇
တနေ့တော့ အမြင့် ကနေ လှပတဲ့ ရှုခင်းကို မြင်တွေ့ နိုင်မှာပါ☺️
#WhateverIWrite @wiw.mm #Lifestyle #HTD

No comments:
Post a Comment