ကိုရီးယားကားတွေ ကြည့်တယ်ဆို ရင် ကိုရီးယားထမင်းသုပ်
ကို သိမှာပါ။ကျွန်တော်ပြောချင်တာက အဲ့ ကိုရီးယားထမင်းသုပ် ကောင်းတဲ့
ဆိုင်လေးပါ။ထမင်းသုပ်ကို မျိုးစုံရပါတယ်။တကယ်လည်း အရမ်းစားလို့ကောင်း
တဲ့ ဆိုင်ပါ။ထမင်းသုပ်တပွဲ ဆို
မနည်းကုန်အောင်စားရပါတယ်။ထမင်းသုပ်ကို မှ ကြက်သား
၊ဝက်သား
၊ပုဇွန်
၊ပြည်ကြီးငါး
၊အမဲသား
၊ရိုးရိုးထမင်းသုပ်တွေ ရပါတယ်။ဆိုင်က မီနျူးလေး ပုံမရိုက်မိလို့ အမျိုးအမည် သေချာ မပြောနိုင်ဘူးဗျာ
ဆိုင်သာ သွားပြီး မီနျူးကြည့်ပြီး ကိုယ်ကြိုက်တာသာ မှာ စားတော့ဗျို ့။ဆိုင်မှာ ထမင်းသုပ်တင်မဟုတ်သေးဘူး တော့ပုကီ ရယ် Fish Cake ရယ် ရေညှိထမင်းလိပ်တွေ ရတယ်နော်။Fish Cake လေးလည်း စားကောင်းတယ် အိအိလေး နူးညံတယ်။တစ်ချောင်းကို ၁၀၀၀ ပါ။တော့ပုကီ ကတော့ တပွဲ ၂၀၀၀ပါ။ကဲ ထမင်းသုပ်
အကြောင်းလေး ဆက်ပြောပြမယ်။ထမင်းသုပ်ကို ပုံမှာ မြင်ရတဲ့ အတိုင်းဗန်း နဲ့ လာတာပါ ကျောက်မြေအိုးအပူ နဲ့ ရောက်လာပါလိမ့်မယ် ရောက်ရောက်ချင်း မမွှေရင်တော့ ထမင်းတွေ ဂျိုးကပ်ကုန်ပါလိမ့်မယ်
။ကျွန်တော်ဆို လာချချပေးချင်း မမွှေ လိုက်ပဲ ပုံရိုက်လိုက်တာ ထမင်းဂျိုးလေးတွေ ထွက်လာပါတယ်
။အချဉ်ရေ ကတော့ ကို ကြိုက်သလောက်ထည့်ပြီး နယ်ရပါတယ် အဲ့ တစ်ချက်လေး ကိုယ်တိုင် အားရပါးရ နယ်ပီး စားရတဲ့ အရသာလေး က အရမ်းမိုက်တယ်ဗျာ
။ကိုရီးယားကားတွေ ထဲ ကလို အားရပါရ ပဲ စားဖြစ်ခဲ့ပါတယ်။တကယ်စားရတဲ့ အရသာ အရမ်းကောင်းတယ်ဗျာ။တပွဲ ကို တကယ် ၂ယောက်
လောက်စားလို့ဝပါတယ်။
တယောက်တည်းဆို မနည်းစားယူရတယ်ဗျာ
ဒါကတော့ ချိန် လို့ရအောင်ပြောပြတာပါ။တပွဲ ကို ၈၀၀၀ ပျမ်းမျှပါ။ကင်ချီ က ကုန်ရင်တောင်းလို့ရပါတယ်။ရေညှိ ဟင်းချိုလည်း ကုန်ရင် ထပ်တောင်းလို့ရပါတယ်။ကဲ ကိုရီးယားထမင်းသုပ် ကောင်းကောင်စား ချင်တယ်ဆိုရင်တော့ မြန်မာပလာဇာ က K-BibimBap (SORABOL) ဆိုတဲ့ ဆိုင်မှာ စမ်းစားကြည့်ပါခင်ဗျာ။စားပီးလို့ထပ်စားချင်မိသွားရင် ကျွန်တော့် Review လေး ကို Share ပေးဖို့ မမေ့နဲ့နော်
။

No comments:
Post a Comment